အ​ခြေခံရှေးဦးပြုစုခြင်းသင်တန်း (Basic First Aid Training) (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ ​

ချောက် စက်တင်ဘာ ၂၁

မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်ခရိုင်၊​ ချောက်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့​ရေနံနှင့် သဘာဝဓာတ်​ငွေ့လုပ်ငန်း ၊  ချောက်/လမ်းရွာ​ရေနံ​မြေနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော Goldpetrol ကုမ္ပဏီနှင့် မြန်မာနိုင်ငံကြက်​ခြေနီအသင်း၊​ ချောက်မြို့နယ်ကြက်​ခြေနီအသင်းခွဲတို့ ပူး​ပေါင်းဖွင့်လှစ်​သော အ​ခြေခံရှေးဦးပြုစုခြင်းသင်တန်း (Basic First Aid Training) (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယ​နေ့နံနက် ၉ နာရီအချိန်က အမှတ် ၂ လုပ်သားများ အပန်းဖြေရိပ်သာ ​ချောက်ရေနံ​မြေ လုပ်ငန်းခွင်သင်တန်း​ကျောင်းခန်းမ၌ကျင်းပခဲ့သည်။

ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဌေး​ကျော်က အဖွင့်အမှာစကား​ပြောကြား​ပြီး ချောက်/လမ်းရွာ​ရေ​နံ​မြေအ​ထွေ​ထွေမန်​နေဂျာ ဦးရဲနိုင်က ကြက်​ခြေနီအ​​​ခြေခံ​ရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားလည်းကောင်း၊ မ​ကွေးတိုင်း​ဒေသကြီး၊ တိုင်းကြက်ခြေနီ ကြီးကြပ်မှု​ကော်မတီ ပါ​မောက္ခ​ဒေါက်တာ​ချောခင်က ကြက်​ခြေနီအ​ကြောင်းသိ​ကောင်းစရာများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်း​ဒေသကြီးကြက်​ခြေနီ ကြီးကြပ်မှု​ကော်မတီ ပါ​မောက္ခ ​​ဒေါက်တာ​ချောခင်မှ​ချောက်/လမ်းရွာ ​ရေနံ​မြေအ​ထွေ​ထွေမန်​နေဂျာဦးရဲနိုင်အား အမှတ်တရလက်​ဆောင်များ​ပေးအပ်ခြင်း၊ သင်တန်းသား/သူများအား တာဝန်ရှိသူများက သင်​ထောက်ကူပစ္စည်းများ​ပေးအပ်​ခြင်းများ ​ဆောင်ရွက်ခဲ့သည်။

သင်တန်းဖွင့်ပွဲအပြီးတွင် တာဝန်ရှိသူများ၊ သင်တန်းနည်း​ပြများနှင့် သင်တန်းသား/သူများ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့​ကြောင်း သိရသည်။

သင်တန်းအား စက်တင်ဘာ ၂၁ ရက်မှ စက်တင်ဘာ ၂၇ ရက်​နေ့အထိ နေ့စဉ်နံနက် ၈ နာရီမှ ၁၁ နာရီအထိ၊ မွန်းလွဲ ၁ နာရီမှ ည​နေ ၄ နာရီအထိ သင်တန်းသား (၃၂ )ဦး၊ သင်တန်းသူ (၈) ဦး စုစုပေါင်း (၄၀) ဦး​ဖြင့် စရိတ်ငြိမ်း ဖွင့်လှစ်ပို့ချသွားမည်​ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)