သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သာပေါင်း စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂) ဦးကျော်တိုးတို့မှ ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး လုံခြုံရေးမပြတ် သတိရှိရန်၊ မြေပြင်လူဦးရေတိုက်ဆိုင် စစ်ဆေးရေးလုပ်ငန်း အချိန်မီပြီးစီးရေး ပူးပေါင်းဆောင်ရွက်ရန်၊ Covid-19 ကာကွယ်ရေးလုပ်ငန်းပူးပေါင်း ဆောင်ရွက်ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး စစ်ဆေးအရေးယူခြင်းလုပ်ငန်း ပါဝင်ဆောင်ရွက်ရန်၊ သန့်ရှင်ရေးလုပ်ငန်း အရှိန်မပြတ် ပူးပေါင်းဆောင်ရွက်ရန်၊ နေကြာစိုက်ပျိုးရေးအတွက် မျိုးနေကြာရရှိရေး ချိတ်ဆက် ဆောင်ရွက်ရန်၊ မြို့သန့်ရှင်းသာယာလှပရေး အမြဲမပြတ် ဆောင်ရွက်ရန်၊ စစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်းရာတွင် ပြည်သူများအတွက် ပညာပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးရန်တို့ကို ဆွေးနွေးမှာကြားပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ကဏ္ဍအလိုက် ပြန်လည် ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း