ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး (Mask Compaign) ဆက်လက်ဆောင်ရွက်

ကျိုက်ထို စက်တင်ဘာ ၂၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ စက်တင်ဘာ (၂၁)ရက်နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်ရှိ လူစည်ကားရာနေရာဖြစ်သည့် ဈေးရှေ့တွင် Mask Campaign ဆောင်ရွက်ခြင်း အသိပညာပေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ လူသွားလာများသည့် လမ်းဆုံလမ်းခွ၊ ဈေးများ၊ လူစည်ကားရာနေရာများ၊ စာသင်ကျောင်းများ၊ သွားလာလှုပ်ရှားနေကြသည့် ခရီးသွားပြည်သူများနှင့် ဈေးရောင်းဈေးဝယ် ပြည်သူများမှ အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကိုစနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့် ထိုးနှံရေး ထပ်ဆောင်းကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံသွားရေးအသိ ပညာပေးပြောကြားပြီး Mask များ အခမဲ့ဖြန်ဝေ ပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)