မြစ်သားမြို့မင်းကုန်း (မူလွန်) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့်    နံရံကပ်စာစောင်များပြသ

မြစ်သား  စက်တင်ဘာ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြင်ပဗဟုသုတများသိရှိစေရန်၊ ဉာဏ်ပညာများ တိုးတက်လာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စ ာစောင်ပြပွဲပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်းကုန်း (မူလွန်) ကျောင်းအုပ်ဆရာမကြီး ဒေါ်တိုးတိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်ကောင်းမွန်ရေး၊ စည်းကမ်းရှိရေးတို့ကို ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်က ကျောင်းသားလူငယ်များ အားလပ်သည့်အချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများ၊ စာအုပ်စာပေကောင်းများ လေ့လာရှာမှီး ငှားရမ်း ဖတ်ရှုလိုပါက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ မိမိတို့ နှစ်သက်ရာဖတ်ချင်သည့် စာအုပ်များအား လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း စသည့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှု ခဲ့ကြောင်း သိရသည်။

သီတာအောင် (မြစ်သား)