ကာလိမြို့ ဌာနဆိုင်ရာရုံးများသို့ Mobile Library စနစ်ဖြင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကာလိ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကာလိနယ်မြေရဲစခန်းသို့ Mobile Library စနစ်ဖြင့် နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က ဝန်ထမ်းများကို ဦးဆောင်ပြီး ကာလိမြို့ ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များလာရောက်ငှားရမ်းခြင်း အခက်အခဲဖြစ်သည့် စာဖတ်ပရိတ်သတ်များ၊ စာဖတ်ဝါသနာရှင်များတို့ကို  သုတ၊ ရသစာအုပ်များကို တစ်ပတ်လျှင်တစ်ကြိမ် လဲလှယ်အခမဲ့ငှားရမ်းပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)