သတင်းများ

သာယာဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး ဌာနဆိုင်ရာများ ပူးပေါင်း၍ Mask Campaign ဆောင်ရွက်
Sep 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး ကူးစက်ပြန့်ပွားမှုလျော့ကျစေရေးနှင့် ပြည်သူများ အိုမီခရွန်ရောဂါပိုး ကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ဌာနဆိုင်ရာများမှ Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီက လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့​သည်။
မိုင်းပျဉ်းမြို့၊ အထကကျောင်း၌ စွန့်ပစ်ပစ္စည်းများပြန်လည်အသုံးပြု၍ လက်မှုပညာပြိုင်ပွဲ ကျင်းပပြုလုပ်
Sep 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် စွန့်ပစ်ပစ္စည်းများ ပြန်လည် အသုံးပြု၍ လက်မှုပညာပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ စာသင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 20,2022
မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးသန်းထွန်း၊ ဦးစောဘလှိုင်၊ ဦးမြင့်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများ တက်ရောက်ကြသည်။
ကျောက်ဆည်မြို့နယ် သမန္တလင်းကျေးရွာတွင် နှမ်းရိုးသဘာဝမြေဆွေးများ လက်တွေ့ပြုလုပ်
Sep 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်ပြီး၊ ဓာတုဓာတ်ကြွင်းကင်းသည့် ဆန်စပါးများထွက်ရှိစေရေးအတွက် ယနေ့နံနက် (၉) နာရီခွဲက သမန္တလင်း ကျေးရွာမှ တောင်သူဦးဇော်လင်းမောင်စိုက်ပျိုးထားသော စပါးစိုက်ခင်းများတွင် အသုံးပြုရန်အတွက် နှမ်းရိုးသဘာဝမြေဆွေးများ လက်တွေ့ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကာလိမြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Sep 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက် (၉)နာရီအချိန်ခန့်က လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသား ထားသော လူငယ်ဆိုတာလန်းရမယ်စာအုပ်ဖြင့်
Em ဘိုကာရှီသဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲရေးနှင့် နေကြာသီးနှံ တိုးတက်မြင့်မားရေး နည်းပညာပေးသင်တန်းဖွင့်လှစ်
Sep 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ Em ဘိုကာရှီသဘာဝမြေဆွေးပုံ ပြုလုပ်သုံးစွဲရေးနှင့် နေကြာသီးနှံ တိုးတက်မြင့်မားရေး နည်းပညာပေးသင်တန်းကို ၂၀၂၂ ခုနှစ်၊ ယမန်နေ့ နံနက်ပိုင်းက အင်းတော်မြို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့၌ ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ပင်လယ်ငါးမုတ်ငါး (၁၀၀)ပိဿာချိန် ရောင်းချပေး
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဖျာပုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ဖျာပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များ ပူးပေါင်း၍ မြို့နယ်အတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့ပြီး ပြည်သူများ ငါးရိက္ခာဖူလုံစေရန်၊ ငါးစျေးနှုန်းတည်ငြိမ်ကျဆင်းလာစေရန်နှင့် ပြည်သူများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ပြည်သူများ သက်သာသော စျေးနှုန်းဖြင့် ပင်လယ် ငါးမုတ်ငါး (၁၀၀)ပိဿာချိန် ရောင်းချပေးခြင်းကို ယနေ့ နံနက်(၇)နာရီ အချိန်က ဖျာပုံမြို့ ငါးလုပ်ငန်းဦးစီးဌာန ရုံးရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့မြို့မစျေးရှိ စျေးဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Sep 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ မြို့နယ်စည်ပင်သာယာရေးဌာန မြို့မစျေးရှိ၊စျေးဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန့်နေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။