သတင်းများ

ဘိလိယက်နှင့်စနူကာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့် စနူကာအသင်းအား အောင်နိုင်ရေးအလံပေးအပ်
Sep 20,2022
၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့် စနူကာအသင်းအား အောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ပဲခူးမြို့၌ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရန် စာဖတ်ဝိုင်းကျင်းပ
Sep 20,2022
ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဝေါမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပလျက်ရှိရာ ကလောင်စုံ ရေးသားထားသော “နှောင်နှင့်ရွှေနန်းတော်ဝင်ရသဝတ္ထုတိုများ” စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရောင်စုံစက္ကူခေါက်ပြိုင်ပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသ
Sep 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအတွက် ရောင်စုံစက္ကူခေါက်ပြိုင်ပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 20,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပေါက်မြို့နယ်တွင် Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်
Sep 20,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးနေဇော်၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်သည့်
ပေါက်ခေါင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ
Sep 20,2022
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ လုံခြုံရေး တရားဥပဒေစိုးမိုးရေး အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်း ဖွဲ့စည်း၍ ကျေးရွာများအ‌ရောက် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်‌နေ့က ဗောဓိကုန်းကျေးရွာအုပ်စု ဒါန်းဒေါင့်ကျေးရွာ၌ ကျင်းပပြုလုပ်သည်။
မုံးထမြို့၌ မိသားစုတစ်ပိုင်တစ်နိုင်ဝက်မွေးမြူရေးလုပ်ကိုင်သူများ အဆင်ပြေ
Sep 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ခရိုင်၊ မုံးထမြို့၌ မိသားစုတစ်ပိုင်တစ်နိုင် ဝက်မွေးမြူသူများ ဝက်ပြန်လည်ရောင်းချရာတွင် ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ‘ရုံးဌာနများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းလမ်းညွှန် (Version 4.0)’အား လိုက်နာမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး
Sep 20,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များဦးဆောင်၍ ယမန်နေ့၊ နေ့လည်ပိုင်းက မြို့နယ်အတွင်းရှိ ရုံးဌာနများ၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ‘ရုံးလုပ်ငန်းများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းလမ်းညွှန် (Version 4.0)’ အား လိုက်နာမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။