စလင်း ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ရက်(၁၀၀)လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စလင်းမြို့နယ်ရုံးမှဝန်ထမ်းများက နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် UIDကတ်ပြားများထုတ်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအား ကစားခန်းမဆောင်တွင် ကွင်းဆင်းဆောင်ရွက်ပေးအပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံ အားကစားခန်းမဆောင်တွင် ဆောင်ရွက်နေသည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ လမင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ ထုတ်ပေးနေမှုများတွင် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ပူးပေါင်းပါဝင်သွေးအမျိုးအစား စစ်ဆေးဆောင်ရွက်နေမှုများကို မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စလင်းမြို့နယ်ဦးစီးမှူး ဦးစည်သူလွင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူ ၁၆၈ ဦးအား နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် UIDကတ်ပြားများကို မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြိုင် စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစည်သူလွင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူများ၏ လက်ဝယ်အရောက် နိုင်ငံသားစီစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
မောင်လွင်(စလင်း)