ဗဟန်း ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း) (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက (၇၉)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမညွန့်ညွန့်(ကလော)က အာဇာနည်၏အဓိပ္ပာယ်၊ အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်နှင့်ရင်းထားရသော လွတ်လပ်ရေးကိုထိမ်းသိမ်းတတ်စေဖို့အတွက် "အာဇာနည်နေ့ ဒို့မမေ့" ခေါင်းစဉ်ဖြင့်ဟောပြောပေးပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက ကျပန်းစကားပြော ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲများကျင်းပ၍ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဗဟုသုတရစေသော သုတ/ရသ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သင်းသင်းစိုး(ခရိုင်ပြန်ဆက်)