ရေတာရှည်မြို့နယ်တွင် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကျင်းပ

ရေတာရှည် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရေတာရှည်မြို့နယ် ထန်းကုန်းကျေးရွာတွင်ဒေသခံ တောင်သူ ဦးဇော်မြင့်၏ ကွင်း၌ လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ခရိုင်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ ကြည့်ရှူအားပေးရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်ခြင်းဖြင့် လုပ်သားရှားပါးမှုအခက်အခဲနှင့် အချိန်တိုအတွင်း စိုက်ဧကများများ စိုက်ပျိုးနိုင်သည့်အပြင် စပါးပန်းတိုင်အထွက်နှုန်းကောင်းမွန်စေသည့် အကျိုးများစွာ ရရှိစေကြောင်း ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ထန်းကုန်းကျေးရွာရှိ တောင်သူဦးဇော်မြင့်၏ ကွင်းတွင်လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)