မင်္ဂလာဒုံ ဇူလိုင် ၁၇
မင်္ဂလာဒုံမြို့နယ်၌ ရက် (၁၀၀) စီမံချက်အတွင်း မမင်္ဂလာဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ပတ္တမြား RHC ပေါင်းကူး SC အပိုင် စမ်းမြသီတာသီလရှင်ကျောင်းနှင့် ဆရာဇော်ကိုယ်ပိုင်ကျောင်းတို့တွင် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းမာ၏ လမ်းညွှန်ချက်ဖြင့် စမ်းမြသီတာကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၈၂) ဦးနှင့် ဆရာဇော်ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၄၁၆) ဦးတို့အား သွေးလွန်တုပ်ကွေးရောဂါ၊ မိုးရာသီတွင်အဖြစ်များသော ပြင်းထန်ဝမ်းပျက်/ ဝမ်းလျှောရောဂါ၊ အသဲရောင်အသားဝါအေရောဂါ၊ ကိုဗစ်-၁၉နှင့် ရောဂါပတ်သက်၍ ကျန်းမာရေးပညာပေးခြင်း၊ After Lunch Tooth Brushing နှင့် သွားနှင့် ခံတွင်းရောဂါအကြောင်း ကျန်းမာရေးပညာပေးခြင်း၊ မူလတန်းကျောင်းသား/ကျောင်းသူများအား ကျောင်းကျန်းမာရေးမှတ်တမ်းကဒ်အသုံးပြု၍ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သန့် (၄) သန့်၊ ရန်သူ၊ အစာစားပါ၊ စနစ်မှန်လက်ဆေးနည်းကဗျာများအား ကလေးများအား သင်ကြားပေး၍ အဓိပ္ပါယ်များ ရှင်းပြခြင်းကျန်းမာရေးပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)