ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်

မုံရွာ စက်တင်ဘာ၂၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  မုံရွာမြိူ့နယ်အတွင်းရှိ ဒေသခံတောင်သူများအား ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့်  သီးနှံစိုက်ခင်းများတွင် ပိုးမွှားရောဂါစနစ်တကျကာကွယ်နှိမ်နင်းနိုင်ရေးအတွက် ရည်ရွယ်ကာ ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းခြင်း နည်းပညာပေးသင်တန်းကို ယနေ့ နံနက်(၉)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးတွင် ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ မုံရွာမြိူ့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဖြိုးဝေက  ဒေသခံတောင်သူများ၏ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းခြင်း နည်းပညာများနှင့် စပ်လျဉ်းပြီး သဘာဝဆေး၊ သဘာဝမြေဩဇာလက်တွေ့ပြုလုပ်ခြင်း နည်းပညာများနှင့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ စနစ်တကျ ရောစပ်အသုံးပြုခြင်း နည်းပညာများအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသည့် တောင်သူများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးမော်က မျိုးကောင်းမျိုးသန့်မျိုးစေ့များ စနစ်တကျအသုံးပြုရေး နည်းပညာများကို တောင်သူများလက်တွေ့ လက်ဆင့်ကမ်းပညာပေး ရှင်းလင်းဆွေးခဲ့သည်။

စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းသို့ တက်ရောက်လာသော မုံရွာမြိူ့နယ်အတွင်းရှိ ကြီးအုပ်၊ ခတက္ကန်တောင်၊ ခတက္ကန်မြောက်၊ ကိုးပင် စသည့်ကျေးရွာများမှ ဝါနှင့် ဆီထွက်သီးနှံစိုက်ပျိုးတောင်သူ (၁၂၀)ကျော်ခန့်အား ယူရီးယားဓာတ်မြေဩဇာ အိတ်ပေါင်း (၂၄၀) ကျော်ကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)