မိုင်းရယ် စက်တင်ဘာ ၂၀
မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများစသည့် ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့အဝင် နားဖျိုင်းကျေးရွာရှိ တောင်သူ (၅) ဦးပိုင် စိုက်ပျိုးမြေ ၁၀ ဧကရှိ နေကြာစံပြကွက်စိုက်ပျိုးမည့် မြေနေရာအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါ ပူးပေါင်းအဖွဲ့သည် နေကြာစံပြကွက် စိုက်ပျိုးမည့်မြေနေရာ ထွန်ယက်ထားရှိမှု၊ ခြံစည်းရိုးလုံခြုံစွာ ကာရံထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ကို ပေါင်းစပ်ဆောင်ရွက်ခဲ့သည်။
ထို့နောက် ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့နယ်၊ ဟိုယကျေးရွာအုပ်စု၊ နောင်လုံကျေးရွာ၊ ပန်ညောင်ကျေးရွာနှင့် ဝမ်လုံကျေးရွာတွင်းရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် အမိုနီယမ်နိုက်ထရိတ် ရောင်းချခြင်း ရှိ/မရှိကို ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။
မိုင်းရယ် (ပြန်/ဆက်)