မံစီ စက်တင်ဘာ ၂၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြည်သူများအနေဖြင့် တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ အကြောင်းအရာ များကို သိရှိနားလည်ပြီး စနစ်တကျမွေးမြူတတ်လာကာ မိသားစုစီးပွားရေး ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ပြုလုပ်ရ ခြင်းဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတစ်ဆင့် ပြုလုပ် လျက်ရှိနေခြင်းဖြစ်ပြီး အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲကို အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ထုတ်လွင့်သွားမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဦးက ပြောကြားသည်။
အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာအောင်ဖြိုးဝေက တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ပြည်သူများကို မိမိတို့ဌာနမှ ကူညီဆောင်ရွက်ပေးနေသည့် အကြောင်းအရာများ၊ ပြည်သူများက ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် အာဟာရပြည့်ဝသော တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းအကြောင်းကို အကျယ် တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)