ဟိုင်းကြီးကျွန်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြပြီး ဟိုင်းကြီးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ဒေသလိုအပ်ချက်များ၊ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဒေသလုံခြုံရေးအခြေအနေများ၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အခြေအနေများအား ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး နေ့လယ် (၁၂)နာရီအချိန်တွင် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)