တောင်သာ စက်တင်ဘာ ၂၀
တောင်သာမြို့ မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အနောက်ရပ်အခြေခံပညာမူလတန်းလွန်ကျောင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနား၌ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဝဏ္ဏထွန်းမှ လူငယ်နှင့်အားကစားဆိုင်ရာ အသိ ပညာများ ဟောပြောခြင်း၊ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က လူငယ်နှင့်အကျင့်စာရိတ္တ ပညာရည်မြင့်မားရေးအတွက် အသိပညာပေးဟောပြောပြီးနောက် အနောက်ရပ်အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းခိုင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှမြို့နယ်အားကစားမှူး ဦးဝဏ္ဏထွန်းမှအနောက် ရပ် အခြေခံပညာမူလတန်းလွန်ကျောင်းအတွက် အားကစားပစ္စည်းများဖြစ်သည့် ဘောလုံး(၁)လုံးနှင့် ခြင်းလုံး(၃)လုံး စုစုပေါင်းငွေကျပ်ငါးသောင်းနှစ်ထောင်တန်ဖိုးရှိသည့် အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြောင်းနှင့်အဆိုပါဟောပြောပွဲသို့ အနောက်ရပ်အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ/ဆရာမ နှင့်ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)