မိုးကုတ်မြို့နယ်၌ ကော်ဖီပင်စည်ထိုးပိုး ကာကွယ်နှိမ်နင်းခြင်းအတွက် လူထုလှုပ်ရှားမှု Campaign ပြုလုပ်
Sep 21,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေး စီမံကိန်းအားအပြည့်အဝ အကောင်အထည်ဖော် စိုက်ပျိုးနိုင်ရန်နှင့် ကော်ဖီသီးနှံ အထွက်တိုးတက်ရေး၊ အရည်အသွေး ကောင်းမွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကော်ဖီ-ရာသီသီးနှံဌာနခွဲ၊ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (မိုးကုတ်)တို့ ပူးပေါင်း၍ ယနေ့နံနက်(၁၁)နာရီအချိန်က အုန်းကိုင်းကျေးရွာ၊ တောင်သူဦးကျော်မြင့်၏ ရတနာနှင်းဆီ ကော်ဖီခြံတွင် ကော်ဖီပင်စည်ထိုးပိုး (Coffee Stem Borer) ကျရောက်ခြင်းအား ကာကွယ်နှိမ်နင်းခြင်း လူထုလှုပ်ရှားမှု Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။