ပင်လုံမြို့တွင် မိုးရာသီဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ အုပ်စုမဲနှိုက်ရွေးချယ်
Sep 22,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့တွင် ၂၀၂၂ ခုနှစ် ပင်လုံမြို့ မိုးရာသီဖလားရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ အုပ်စုခွဲ မဲနှိုက်ရွေးချယ်ပွဲကို ယနေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင်ကျင်းပခဲ့ရာ မြို့အုပ်ချုပ်ရေးမှူးဦးရာဇာအောင်၊ ပင်လုံနယ်မြေရဲစခန်းမှူးဦးတင်မိုးလှိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အား/ကာကော်မတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူနှင့် နည်းပြများတက်ရောက်ခဲ့ကြသည်။