သင်္ဃန်းကျွန်းမြို့နယ်‌၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ် ဆောင်ရွက်

သင်္ဃန်းကျွန်း  စက်တင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း က သင်္ဃန်းကျွန်း (စံပြဈေးရှေ့တွင် Mask Campaing ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါကပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်ပြည့်ထိုးနှံရေး၊ ထပ်ဆောင်း ကာကွယ်ဆေးများ ()လပြည့်ပြီးသူတိုင်း ဆက်လက်ထိုးနှံသွားရေး အသိပညာပေး ဆောင်ရွက်ခဲ့သည်။

ထိုသို့အသိပညာပေး ဆောင်ရွက်ရာတွင် သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မူဖြင့် မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် စည်ပင်ဝန်ထမ်းများ သက်ဆိုင်ရာစျေးတာဝန်ခံများ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ Hand speaker များဖြင့် အသိပေးနှိုးဆော်ခြင်း Mask တပ်ဆင်ရန်ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊  မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊   မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ  ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)