ပိုင်ကျုံ စက်တင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစွာ နေထိုင်နိုင်ရန်ရည်ရွယ်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးပင်စင်ထောက်ပံ့ငွေရရှိသည့် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
ပိုင်ကျုံမြို့အတွင်းရှိ ၀င်းဖရကျေးရွာအုပ်စုတွင် (၁၄) ဦး၊ နောင်ဘိုကြီးကျေးရွာ အုပ်စုတွင် (၂၁) ဦး၊ ထီးဖိုးကိန်ကျေးရွာအုပ်စုတွင် (၁၉)ဦး၊ မဲပရကျေးရွာအုပ်စုတွင်၉)ဦးနှင့် ဒေါ်လန်းကျေးရွာအုပ်စုတွင် (၁၀)ဦး စုစုပေါင်း လူမှုရေးပင်စင်ထောက်ပံ့ငွေရရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၇၃)ဦး တို့အားတစ်ဦးလျှင် (၃၀,၀၀၀) နှုန်းဖြင့် စစုစုပေါင်းငွေကျပ် (၂,၁၉၀,၀၀၀) ကို သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတို့က ယမန်နေ့နံနက်ပိုင်းအချိန်တွင် လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ဒုတိယ (၃) လပတ်အတွင်း ပိုင်ကျုံမြို့တွင် မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇) အုပ်စုအတွင်းရှိ လူမှုရေးပင်စင်အကျိုး ခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်နှင့်အထက် အဘိုး(၁၃၈) ဦး၊ အဘွား(၂၂၁)ဦး စုစုပေါင်း( ၃၅၉ )ဦးရှိကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
နော်ခူး(ပြန်/ဆက်)