တိုက်ကြီးမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

တိုက်ကြီး    စက်တင်ဘာ     ၂၂

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာ ပေးနှိုးဆော်ခြင်းနှင့် ကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့နံနက် နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်အတွင်းရှိ လူစည်ကားရာ ဆေးရုံလမ်း၊ ချမ်းမြသာစည် ()လမ်း၊ ဌာနလမ်း၊ အနောက်မြို့ပတ်လမ်း၊ မြို့မဈေးအနောက်ခြမ်းလမ်း၊ တောင်မြို့ပတ်လမ်း၊ ရှမ်းစုရပ်ကွက်အတွင်းရှိ သစ်တောလမ်း၊ လယ်တီ () လမ်းနှင့် ဂျိုးဖြူကန်လမ်းတို့တွင် မြို့နယ်မီးသတ်ဉီးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ကာ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်စ် ပိုးသတ်ဆေးများကိုလည်း ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် ကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးအောင်ကျော်စိုးနှင့် အဖွဲ့များ၊  တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဉီးစီးအရာရှိ ဦးဇော်ချစ်ထက် ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ()စီးတို့နှင့်အတူ   မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များက  ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)