သံတောင်ကြီးမြို့နယ်တွင်(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲဆောင်ရွက်

သံတောင်ကြီး ဖေဖော်ဝါရီ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  သံတောင်ကြီးမြို့နယ်တွင် ကျောင်းသူ၊ ကျောင်းသားများ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြုလုပ်ရခြင်းများသိရှိစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်အတွက် ယနေ့နံနက် (၉)နာရီအချိန်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်းတွင်  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာကျောင်းအုပ်ဆရာမကြီးဒေါ်လိုအေးကအမှာစကားပြောကြားပြီး  အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနဦးစီးအရာရှိ နော်လော်မူက ပြည်ထောင်စုနေ့အကြောင်းဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံကိုအင်္ဂလိပ်တို့မတရားသောနည်းလမ်းများဖြင့် သိမ်း ပိုက်အုပ်ချုပ်ခဲ့ပုံ၊ ပင်လုံစာ ချုပ်ချုပ်ဆိုခဲ့မှုများ၊ ကျောင်းသူ၊ ကျောင်းသားများ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှိတိုင်းပြည်ချစ် စိတ်နိုင်ငံချစ်စိတ်ရှိလာစေရန် ဟောပြောဆွေးနွေးပေးခဲ့ကြောင်း သိရသည်။                                                

ထို့နောက်တက်ရောက်လာသည့် ကျောင်းသူ၊ ကျောင်းသားများသိရှိလိုသည်များအား မေးမြန်းရာ မြို့နယ်ဦးစီးမှူးနော်လော်မူက ပြန်လည်ဖြေကြားပေးခဲ့ပြီး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ