ဘုတ်ပြင်း ဖေဖော်ဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံး(ဂိုးလတ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဗိုလ်လုပွဲ၌ တောင်ဒဂုံအသင်းနှင့် Goldenfish အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲတွင် တောင်ဒဂုံအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည့်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ တတိယဆုရရှိသည့် Legends အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးစံမွှေးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် Goldenfish အသင်းအား တစ်ဦးချင်းဆုတံဆိပ် နှင့်ငွေသားဆုများကို ဘုတ်ပြင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းနိုင်တို့က ပေးအပ်ခဲ့ပြီး ပထဆုရရှိသည့် တောင်ဒဂုံအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီက ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)