မြစ်သားမြို့နယ် သာလွန်စံပြကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

မြစ်သား ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် VDP စီမံကိန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်မှုဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ သာလွန်စံပြကျေးရွာအတွင်းရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၁၅.၀၀)သန်းနှင့် ပြည်သူများ ထည့်ဝင်ငွေ (၃.၀၀)သန်း အကုန် အကျခံကာမြို့နယ်‌‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာများ ပံ့ပိုးကူညီမှုဖြင့် ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီမှဦးဆောင်ကာ အရှည် (၇၀၀) ပေ၊  အကျယ် (၁၂) ပေ၊ ထု (၆) လက်မကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ မြစ်သားမြို့နယ် သာလွန်စံပြကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်ပေးခြင်းကြောင့် ကျေးရွာမှအိမ်ခြေ (၂၇၈)အိမ်၊ အိမ်ထောင်စု (၃၂၀) စု၊ လူဦးရေ (၁၄၂၉) ဦးတို့ သွားလာရာတွင်လွယ်ကူလျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပြီး ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍစုံပိုမိုဖွံ့ဖြိုးတိုးတက်လာ‌မည်ဖြစ်ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)