ပုသိမ် ဖေဖော်ဝါရီ ၁၀
(၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဧရာဝတီဂေါက်ကလပ် (ပုသိမ်)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် အထူးဆုရရှိသူများ၊ တစ်ဦးချင်းထူးချွန်ဆုများ၊ တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသူများ၊ အကျောပေးပြိုင်ပွဲ အသင်းလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိအသင်းများ၊ အကျောမဲ့ပြိုင်ပွဲ အသင်းလိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိအသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများကို တိုင်းရင်းသားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူအသီးသီးကလည်းကောင်း၊ အကျောပေးပြိုင်ပွဲတွင် အသင်းလိုက်ပထမဆုရရှိသည့်အသင်းနှင့် အကျောမဲ့ပြိုင်ပွဲတွင် အသင်းလိုက်ပထမဆုရရှိသည့် အသင်းတို့ကို ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)