ဆဒုံး စက်တင်ဘာ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ရောင်စုံစက္ကူ ခေါက်ပြိုင်ပွဲကို စက်တင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ (၃) နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ခင်မာဝင်းက ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံတိုင်းရင်းသားလူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စိတ်လက် ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့ အတွင်း ပူပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ အရောင်စပ်နည်းများကို ရွေးချယ်တတ်စေရန်၊ ပြည်သူ့ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ယခုလိုပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ရောင်စုံစက္ကူခေါက်ပြိုင်ပွဲ ဆက်လက်ကျင်းပရာ ဆဒုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ခင်မာဝင်း (ဆဒုံး)