သရက် စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီးသရက်မြို့ အနောက်ဈေး၌ ဈေးရောင်းဈေးဝယ် ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉) နာရီက အနောက်ဈေးရှေ့ မင်းတုန်းလမ်းမပေါ်တွင် လမ်းသွားလမ်းလာပြည်သူများအား နှာခေါင်းစည်း (Mask) အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်း(Mask) အခမဲ့ ဖြန့်ဝေဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ဈေးရောင်းဈေးဝယ် ပြည်သူများနှင့်လမ်းသွားလမ်းလာ ပြည်သူများနှင့် မော်တော်ယာဉ်ဖြင့် သွားလာသူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန်ဝေပြီးယခုဖြစ်ပေါ်နေသည့် အိုမီခရွန်မျိုးကွဲတွေ့ရှိမှုနှင့် ပတ်သက်၍ အသိပညာပေး ပြောကြားခြင်း၊ အပြင်သို့သွားလာရာနှင့် လူထူထပ်သောနေရာများသို့ သွားလာရပါက နှာခေါင်းစည်း (Mask) များ တပ်ဆင်သွားလာကြရန် ပြောကြားပေးခဲ့ ကြောင်း သိရသည်။
ဇော်ထက်(သရက်)