ဘိုကလေးမြို့နယ်တွင် မိုးကြိုးဘေးသင့်၍ သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်
Oct 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ်စု၊ ခါချဉ် ကျေးရွာ၌ အောက်တိုဘာ (၈)ရက်နေ့တွင် အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့သည့် အတွက် ယနေ့ နံနက်(၁၁)နာရီအချိန်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနမှ သေဆုံးသူအတွက် ၎င်း၏ မိသားစုဝင်များထံသို့ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှေ့မှောက်တွင် ငွေကျပ်(၃)သိန်းတိတိအား ထောက်ပံ့ပေးအပ်ခဲ့သည်။