ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဆက်လက် ရောင်းချပေး

ညောင်ဦး  အောက်တိုဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတို့၏ ကြီး ကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉ နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။

ညောင်ဦးမြို့နယ်နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဖက် တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်း ဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီငါးဆယ်သားကို ၂၂၅၀ ကျပ်နှုန်းဖြင့် မည်သူမဆို လွတ် လပ်စွာ ဝယ်ယူနိုင်ရေးညောင်ဦးမြို့ အထက်ညဉ့်ကျေးရွာအုပ်စုရှိ ညောင်တိုကျေးရွာ၊ တူရွင်းတိုင်အုပ်စု၊ လက်ဝဲကျေးရွာတို့တွင် Mobile ကားဖြင့် လိုက်လံရောင်းချလျက်ရှိကြောင်း သိရသည်။ အဆိုပါ Mobile ကားဖြင့်ရပ်ကွက်/ကျေးရွာနေပြည်သူများလက်ဝယ်အရောက်ဈေးနှုန်းချိုသာစွာ ရောင်း ချပေးလျက်ရှိရာ စားအုန်းဆီပိဿာချိန် ၆၆၀ ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ