သတင်းများ

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြိုင်ပွဲများဆောင်ရွက်
Oct 12,2022
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကျောင်းသားလူငယ်များအနေဖြင့် ကျောင်း ပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ ဉာဏ်ရည်ဉာဏ်‌သွေး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ စိတ်အပန်းဖြေ‌ ပျော်ရွှင် စေရေးနှင့် စာဖတ်ရှိမြှင့်တင်‌ရေးအတွက် ပြိုင်ပွဲများဆောင်ရွက်ပေးလျက်ရှိရာ ယ‌နေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာနတွင်  ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား (၄) ပွင့်ဆိုင်ဖိတ်ခေါ် (အမျိုးသား) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်
Oct 12,2022
တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား (၄) ပွင့်ဆိုင် ဖိတ်ခေါ် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပသည်။
လက်ပံတန်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး  Talk Show ဆွေးနွေးပွဲကျင်းပ
Oct 12,2022
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး  အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက  ပြုလုပ်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ်အတွင်း ကျေးရွာနှစ်ရွာ၌ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေများဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်
Oct 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ပြည်ထောင်စုခွင့်ပြုရန်ပုံငွေများဖြင့် မြို့နယ်အတွင်းရှိကျေးရွာနှစ်ရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနတွင်  ကဗျာရွတ်ဆိုပြိုင်ပွဲပြုလုပ်
Oct 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာနတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၁ဝ) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ စစ်မှုထမ်းဟောင်းအိမ်ရာဝင်းအတွင်း၌ ပြည်နယ်အစိုးရအဖွဲ့က စက်ရေတွင်းတူးဖော်ပေး
Oct 12,2022
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ထီလုံကျေးရွာ စစ်မှုထမ်းဟောင်းအိမ်ရာဝင်းတွင် မှီတင်းနေထိုင်လျက်ရှိကြသော စစ်မှုထမ်းဟောင်းမိသားစုဝင်များအတွက် သန့်ရှင်း၍ ဘေးကင်းသောသောက်သုံးရေ  ရရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့စီစဉ်ပေးမှုဖြင့် စက်ရေတွင်း ၁ တွင်း ကို အခမဲ့တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။
ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေး(Mask Campaign)ဆောင်ရွက်
Oct 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီက ပဲခူး-ကဝလမ်းမကြီးနှင့် လူစည်ကားရာလမ်းဆုံတို့တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း စဉ်ဆက်မပြတ်ဆောင်ရွက်
Oct 12,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၆) ရပ်ကွက်၊ အ-ထ-က(၄)လမ်းဆုံတွင် Mask Campaign ပြုလုပ်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခြင်းကို ဆောင် ရွက်ခဲ့ကြောင်း သိရသည်။