ကလိန်အောင်မြို့တွင် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ လှည့်လည်ငှားရမ်းပေး

ကလိန်အောင် အောက်တိုဘာ   ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများ၊ ဝန်ထမ်းများအနေဖြင့် စာပေဖတ်ရှုချင်သော်လည်း ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ရန် မအားလပ်သောကြောင့် စာပေဗဟုသုတများ ဖတ်ရှု‌လေ့လာတက်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့မွန့်လွဲ (၁) နာရီက သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် သားသား/မီးမီး တို့အလွယ်တကူလေ့လာ ဖတ်ရှုနိုင်ရန်အတွက် သုတ/ရသ စာအုပ်များ၊ ရုပ်ပြပုံပြင်စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ကာတွန်းစာအုပ်များ၊ ဂျာနယ်များစသည့် ကလေးများ အသိပညာ၊ ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို ခင်းကျင်းပြသကာ လေ့လာဖတ်ရှုခြင်း၊ ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး  Mobile စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လူမင်းအောင်