မင်းလှ အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် သမဝါယမအသင်းစုရုံးတွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်သမဝါယမအသင်းစုလီမီတတ်၏ အရပ်ရပ်ဆိုင်ရာ အထူးအစည်းအဝေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အရပ်ရပ်ဆိုင်ရာအထူးအစည်းအဝေးတွင် မြို့နယ်အသင်းစုဥက္ကဋ္ဌ ဦးမောင်မောင်သန်းက သမဝါယမအသင်းစုလီမီတတ်၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ကြိုးစားဆောင်ရွက်ကြရန် အမှာစကားပြောကြား၍ မြို့နယ်အသင်းစုအတွင်းရေးမှူး ဦးဖုန်းမြင့်က အသင်း၏လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
အစည်းအဝေးတတ်ရောက်လာသည့် ရပ်ကွက်/ကျေးရွာ အခြေခံသမဝါယမအသင်းဥက္ကဋ္ဌများက အသင်းစုရေရှည်တည်တံ့ခိုင်မြဲနိုင်ရေးအတွက် ကြွေးကျန်များ အချိန်မှီပေးဆပ်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ဖြေကြားခဲ့သည်။
ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက်များအား ရှေ့လုပ်ငန်းစဉ်အဖြစ် ဆက်လက်ဆောင်ရွက်ရန် အတည်ပြုချက်ရယူကာ မြို့နယ်အသင်းစုဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ပေါက်စ မင်းလှ