ဟိုပင် အောက်တိုဘာ ၁၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Center) ခန်းမ၌ ကလေးများအား သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် အသိပညာ ဗဟုသုတ တိုးပွားစေရန်၊ အရောင်များကို ရွေးချယ်တတ်စေရန်၊ စိတ်ပျော်ရွှင်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများတွင် မြဇေယျာရပ်ကွက်အတွင်းရှိ မူလတန်းအဆင့် ကလေးငယ်(၁၂)ဦးတို့က လာရောက် ပါဝင် ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုး သူအသင်းဝင်များက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရ သည်။
လင်းသွယ်သွယ်ဦး(ပြန်/ဆက်)