မိုးညှင်းမြို့တွင် (၁၈)ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ အလှူရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စုပေါင်းဘုံကထိန်ပွဲတော်ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

မိုးညှင်း အောက်တိုဘာ ၁၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၁၈)ကြိမ်မြောက် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင် များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စုပေါင်းဘုံကထိန်ပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးနှင့် မြို့ပေါ်ရပ်ကွက်/ ကျေးရွာများမှ စိတ်အားသဒ္ဒါ တရား ထက်သန်သလောက် လှူဖွယ်ဝတ္ထုအစုစုတို့ကို စုပေါင်းပါဝင် လှူဒါန်းသွားကြရန်၊ ပင့်ဖိတ်ထား သော ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းကိစ္စရပ်များ အဆင်ပြေနိုင်စေရန်နှင့် ပ​ဒေသာပင်များ ဖြင့် လှည့်လည်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် စုပေါင်းဘုံကထိန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဆိုပါဆွေးနွေး တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း