စဉ့်ကိုင် အောက်တိုဘာ ၁၂
လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အကျင့်များ တိုးပွားလာစေရန် အားလပ်ချိန်အား အကျိုးရှိစွာ အသုံးချနိုင်စေရန် အသိပညာဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်ချက်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်မိုလ်ဘိုင်း စာငှားရမ်းခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်စန္ဒာအေးအောင်၊ ဒုတိယဦးစီးမှူးနှင့် ဒေါ်နှင်းအိအိခိုင်၊စာထောက်-၃ တို့က ယနေ့မွန်းလွဲ (၁) နာရီကမြို့နယ် စာရင်းစစ်ရုံးတွင် အခမဲ့ ငှားရမ်းပေးခဲ့သည်။
စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများအား စာဖတ်ရှုနိုင်စေရေး သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်းများ၊ ရုပ်ပြစာအုပ်များကိုစာအုပ်အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ရေး နယ်လှည့် မိုလ်ဘိုင်း စာကြည့် တိုက်စနစ်ဖြင့် လက်ဝယ်အရောက် စာအုပ်စာစောင်များ(အခမဲ့)ငှားရမ်းပေးခြင်းကို နှစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် လဲလှယ်ငှားရမ်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော့မူယာမောင်(ပြန်/ဆက်)