သတင်းများ

စစ်တွေမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်
Oct 10,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများနှင့် ဈေးများတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ကျော်လေးဆူသမိုင်းဝင် ရွှေယင်မျှော်စေတီတော်၌ အစဉ်အလာမပြတ် ဆီမီး၊ ပန်း၊ နံ့သာ ပူဇော်ပွဲပြုလုပ်                                                           
Oct 10,2022
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ရွာကြီးကျေးရွာအနီးရှိ ကျော်လေးဆူသမိုင်းဝင် ရွှေယင်မျှော်စေတီတော်၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ ယမန်နေ့နံနက်ပိုင်းမှစ၍ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားပြီး အစဉ်အလာမပြတ် ဆီမီး၊ ပန်း၊ နံ့သာပူဇော်ပွဲကို ပြုလုပ်ကြောင်းသိရသည်။
ဟိုပင်မြို့အတွင်းရှိ ဘုရား၊ စေတီ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားဖူးပြည်သူများ၊ ကောင်းမှုကုသိုလ်ပြုသူများဖြင့် အထူးစည်ကား
Oct 10,2022
ကချင်ပြည်နယ်၊    မိုးညှင်းခရိုင်၊    ဟိုပင်မြို့ အတွင်းရှိ  ဘုရား၊ စေတီ၊ ဘုန်းတော်ကြီးကျောင်းများ၌  သီတင်းကျွတ်လပြည့်  အဘိဓမ္မာအခါတော်နေ  ယမန်နေ့ညနေပိုင်းတွင် ဘုရားလာရောက် ဖူးမျှော် သူများ ဆီမီးရေချမ်း ကပ်လှူပူဇော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့ည မဟာမြတ်မုနိဘုရားကြီးတွင် ဆီမီးကပ်လှူပူဇော်သူများဖြင့် စည်ကား
Oct 10,2022
မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးတွင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ ညပိုင်း ဆီမီးကပ်လှူပူဇော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပုသိမ်မြို့ ရွှေမုဌောမဟာစေတီတော်မြတ်ကြီးအပါအဝင် ဘုရား‌စေတီပုထိုးများ၌ သီတင်းကျွတ်လပြည့်နေ့ညတွင် ဘုရားဖူးသူများဖြင့်စည်ကား
Oct 10,2022
ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဌောစေတီတော်မြတ်ကြီး အပါအဝင်ဘုရား‌ စေတီပုထိုးများ၌ ယမန်နေ့ညပိုင်း (သီတင်းကျွတ်လပြည့်) က ဘုရားဖူးပြည်သူများ၊ ဆီမီးပူဇော်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့ သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်းပိုင် နိဗ္ဗာန်ယာဉ်ဝယ်ယူရန် အလှူငွေများလှူဒါန်း
Oct 10,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေး အသင်းပိုင် နိဗ္ဗာန်ယာဉ် ဝယ်ယူရန်အတွက် အလှူရှင်များမှ ယနေ့နံနက်ပိုင်းက အလှူငွေများ လာရောက်လှူဒါန်းခဲ့ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လပြည့်နေ့တွင် လျှပ်စစ်ရောင်စုံမီးများဖြင့် မီးထွန်းပူဇော်ရာ ဘုရားဖူးလာပြည်သူများဖြင့် စည်ကား
Oct 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်​မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့်
သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရားတွင် သီတင်းကျွတ် လပြည့်ည၌ ဆီမီး (၁၅၀၀) မီးမျှောပူဇော်ပွဲစည်ကား
Oct 10,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီး ဘုရားဖြစ်သည့် ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရား၏ အင်းရေပြင်ပေါ်၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ညပိုင်းတွင် ဆီမီး(၁၅၀၀)မီးမျှောပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။