လဲချားတွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံနှင့် စပ်လျဉ်း၍ အသိပေးစတေကာများ ဖြန့်ဝေ
Oct 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ နှင့်စပ်လျဉ်း၍ အခက်အခဲများရှိပါက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများသို့သွားရောက် ဖြေရှင်းနိုင်ကြောင်း မိဘပြည်သူများအား အသိပေးစတေကာများကို ယနေ့နံနက်(၉)နာရီအချိန်က အနော်ရထာလမ်းမကြီးနှင့် လူစည်ကားရာနေရာများတွင် တတိယအကြိမ် ဖြန့်ဝေပေးခဲ့သည်။