ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လပြည့်နေ့တွင် လျှပ်စစ်ရောင်စုံမီးများဖြင့် မီးထွန်းပူဇော်ရာ ဘုရားဖူးလာပြည်သူများဖြင့် စည်ကား

ဇလွန် အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်​မြို့မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် ယမန်နေ့ညနေ ၆ နာရီတွင် မီးထွန်းပူဇော်ရာတွင် ဘုရားဖူးလာပြည်သူများဖြင့် စည်ကား လျက်ရှိပြီး သီတင်းကျွတ်လပြည့်နေ့  အဘိဓမ္မာအခါတော်နေ့တွင် ဇလွန်မြို့မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရားကြီး ဂန္ဓကုဋိတိုက်အတွင်း၌ ပရိတ်တော်အဖွဲ့ ၁၁ ဖွဲ့က အဘိဓမ္မာ (၇) ကျမ်း အမေးအဖြေ အမွှန်းပါဠိတော်များဖြင့် ရွတ်ဆိုပူဇော်ခဲ့ကြပြီး လပြည့်ကျော (၁) ရက်နေ့အထိ လျှပ်စစ်ရောင်စုံမီးများ၊ ဆီမီးများဖြင့် ဆီမီးပူဇော်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဇလွန် (ပြန် / ဆက်)