မန္တလေး အောက်တိုဘာ ၁၀
မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးတွင် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ ညပိုင်း ဆီမီးကပ်လှူပူဇော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မဟာမြတ်မုနိဘုရားကြီးတွင် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ညနေ(၃)နာရီကျော်တွင် ပိတ်သိမ်းခဲ့သော်လည်း ညပိုင်းအထိဘုရားကြီးသို့ ဆီမီးလာရောက်ကပ် လှူပူဇော်သူများက လာရောက်ဆက်ကပ်ပူဇော်လျက်ရှိကြောင်း သိရပါသည်။
ဆီမီးကပ်လှူပူဇော်ခြင်းကို အလှူရှင်များ၊ စေတနာရှင်များ၊ ကုသိုလ်ရှင်များ၊ အသင်းအဖွဲ့များက စုပေါင်းလှူဒါန်းခဲ့ပြီး ဆီမီး (၁၀၀၀၀) ကပ်လှူပူဇော်လှူဒါန်းခဲ့ကြောင်း မဟာမြတ်မုနိ ဂေါပက အဖွဲ့ဝင် ဦးစိုးသိန်းထံက သိရသည်။
ခရိုင် (ပြန်ဆက်)