ဟိုပင်မြို့အတွင်းရှိ ဘုရား၊ စေတီ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဘုရားဖူးပြည်သူများ၊ ကောင်းမှုကုသိုလ်ပြုသူများဖြင့် အထူးစည်ကား

ဟိုပင် အောက်တိုဘာလ ၁၀

ကချင်ပြည်နယ်၊    မိုးညှင်းခရိုင်၊    ဟိုပင်မြို့ အတွင်းရှိ  ဘုရား၊ စေတီ၊ ဘုန်းတော်ကြီးကျောင်းများ၌  သီတင်းကျွတ်လပြည့်  အဘိဓမ္မာအခါတော်နေ  ယမန်နေ့ညနေပိုင်းတွင် ဘုရားလာရောက် ဖူးမျှော် သူများ ဆီမီးရေချမ်း ကပ်လှူပူဇော်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ် လပြည့်နေ့ဖြစ်သည့်အတွက် မြို့ပေါ်ရှိ ဘုရားများ ဘုန်းတော်ကြီးကျောင်းများတွင် သီလဆောက်တည်သူများ၊ စတုဒီတာ ကျွေးမွေးသူများဖြင့် အေးချမ်းသာယာလျက် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဟိုပင်မြို့တွင် ဘုရား(၁)ဆူ၊ စေတီ(၇)ဆူ၊ ဘုန်းတော်ကြီးကျောင်း (၄၈)ကျောင်းရှိရာ သီတင်းကျွတ် လပြည့်နေ့တွင် ဘုရားလာရောက်ဖူးမျှော်လည်ပတ်သူများ၊ ဆီမီးပူဇော်သူများ ပိုမိုများပြား ကြောင်းနှင့် မီးထွန်းပွဲတော်ကို ပျော်ရွှင်စွာပါဝင်ဆင်နွဲ့ခဲ့ကြောင်း သိရသည်။

လင်းသွယ်သွယ်ဦး (ပြန်/ဆက်)