သီတင်းကျွတ်လပြည့်နေ့ မင်းဘူး(စကု)မြို့နယ်ရှိ အထင်ကရနေရာများတွင် ဘုရားဖူးများဖြင့် စည်ကား
Oct 10,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ အထင်ကရနေရာများ၌ သီတင်းကျွတ် ရုံးပိတ်ရက်နှင့် လပြည့်နေတွင် ဘုရားဖူးများဖြင့် စညကားခဲ့ပြီး ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး၌ သီတင်းကျွတ် လပြည့် (အဘိဓမ္မာနေ့)၊ ယမန်နေ့ည ၆ နာရီအချိန်က မင်းဘူးခရိုင်နှင့် မြို့နယ် ထွေ/အုပ်ဝန်ထမ်းများနှင့် ဘုရားဂေါပက အဖွဲ့ဝင်များ ဦးဆောင်၍ ဘုရားဖူး လာရောက်ကြသူများနှင့် အတူ ဆီမီး ၁၁၀၀ ကို ဘုရားပရဝုဏ် အတွင်း ထွန်းညှိ ပူဇော်ခဲ့ကြောင်း သိရသည်။