ပုသိမ်မြို့ ရွှေမုဌောမဟာစေတီတော်မြတ်ကြီးအပါအဝင် ဘုရား‌စေတီပုထိုးများ၌ သီတင်းကျွတ်လပြည့်နေ့ညတွင် ဘုရားဖူးသူများဖြင့်စည်ကား

ပုသိမ် အောက်တိုဘာ ၁၀

ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဌောစေတီတော်မြတ်ကြီး အပါအဝင်ဘုရား‌ စေတီပုထိုးများ၌ ယမန်နေ့ညပိုင်း (သီတင်းကျွတ်လပြည့်) က ဘုရားဖူးပြည်သူများ၊ ဆီမီးပူဇော်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ အဘိဓမ္မာအခါတော်နေ့ဖြစ်သည့် အလျောက် ရွှေမုဌောစေတီတော်မြတ်ကြီးအပါဝင် ပုသိမ်မြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်အသီးသီး၊ ရပ်ကွက်၊ လမ်းများ၌ အဘိဓမ္မာအခါတော်နေ့ပူဇော်ပွဲ၊ ဘုရားရှင်အားဆီးမီး၊ ပန်း၊ ရေချမ်းကပ်လှူ ပူဇော်ခြင်း၊  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာကုသိုလ် ပြုကြသူများဖြင့် အထူးစည်ကားခဲ့ပြီး ယခုကဲ့သို့ ဝါလကင်းလွတ်သီတင်း ကျွတ်ကာလတွင် ခရီးသွားပြည်သူများနှင့် ဒေသခံအပေါင်းတို့က မိသားစုအလိုက် လာရောက်ဖူးမြော် ကုသိုလ်ပြုကြသောကြောင့် ပိုမိုစည်ကားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြင့်ဟန်