(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ကော့သောင်း  အောက်တိုဘာ ၁၁

(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြိုအထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူလေးများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဆေးရောင်ခြယ်ပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူကလေးငယ်များ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်၊  တွေးတောဆင်ခြင်ကြံဆမှုနှင့်တီတွင်ဖန်တီးလိုစိတ်များ မြင့်မားလာစေပြီး စိတ်ကူးစိတ်သန်းများ ထက်မြက်လာစေရန်နှင့် ကာယစွည်းရည် ပြိုင်ပွဲများအားလူငယ်လူရွယ် ကလေးဘဝမှစတင်ကာ ကိုယ်ကာယဖွံ့ဖြိုးတိုးတက်မြင့်မားလာပြီး ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ်များ ပေါ်ထွက်လာရေးနှင့် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ပြိုင်ပွဲတွင်ဆုရရှိခဲ့ကြသည် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)