ညောင်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအမှတ်(၁)နယ်မြေ သီရိမင်္ဂလာရပ်ကွက်အတွင်း ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်

ညောင်ဦး အောက်တိုဘာ  ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အမှတ်(၅)၊အရန်မီးသတ်တပ်ဖွဲ့မှညောင်ဦးမြို့အတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ် အမှတ်(၁)၊နယ်မြေ သီရိမင်္ဂလာရပ် ကွက်အတွင်း ခြင် ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း အမှတ်(၅)အရန် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

ညောင်ဦးမြို့အတွင်း မိုးရာသီအချိန် ပေါင်းမြက်များ တူထပ်စွာပေါက်ရောက်ပြီး ရပ်ကွက်နေပြည်သူများ ခြင်းကိုက်ခြင်းကြောင့် သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်အတွက်နှစ်စဉ် နှစ်တိုင်း အမှတ်(၅)၊အရန်မီးသတ်တပ်ဖွဲ့ကလိုက်လံကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ခြင်းလောင်းသားပေါက် လောက်လောင်းကောင်များပေါက်ဖွား နိုင်သည့် ကားဝပ်ရှော့ များ၊ ဆိုင်ကယ်ဝပ်ရှော့များရှိ မိုးရေဝင်ရောက်နေနိုင်သည့်တာယာ ကွင်းများအားဝင်ရောက်နေ သည့်ရေများကို သွန်ပြစ်ခြင်း၊ ပေါင်းမြက်များတွင် ကပ်ညှိပေါက် ပွားနိုင်သည့် လောက်လောင်းကောင်များအား ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယနေ့တွင်လည်း အမှတ် (၁)၊ သီရိမင်္ဂလာရပ်ကွက်အတွင်းခြင်ပေါက်ပွားနိုင်သည့် နေရာများ၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို သီရိမင်္ဂလာရပ်ကွက်အတွင်း တစ်အိမ်ဝင် တစ်အိမ်ထွက်၊ လမ်းကြိုလမ်းကြားမကျန်ခြင် ဆေးဖျန်းခြင်းများညောင်ဦးမြို့၊ အမှတ်၅ အရန်မီးသတ် တပ် ဖွဲ့မှ ကူညီ၍ ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း၊ ခြင်ဆေးဖျန်းလိုပါက အမှတ်(၅)အရန်မီးသတ်သို့အကူ အညီတောင်းခံနိုင်ကာ ၀၉၄၀၁၃၄၄၀၅၇၊ ၀၉၈၈၀၁၅၁၁၉၁၊ သို့ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

ကိုကြေးမုံ