တပ်ကုန်းမြို့နယ်အတွင်း ဒေသခံပြည်သူများ သီတင်းကျွတ်အခါတွင် အေးချမ်းပျော်ရွှင်စွာဆင်နွှဲ

တပ်ကုန်း အောက်တိုဘာ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ တွင် တရားဘာဝနာပွားများခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်း ဆက်ကပ်လှူခြင်း၊ ဒါနကုသိုလ်ယူ သီလဆောက်တည်ခြင်း၊ အထင်ကရ နေရာများတွင် လည်ပတ်အပန်းဖြေခြင်းဖြင့် သီတင်းကျွတ်အခါတွင် ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိရာ ၁၆ ပြည်ထောင်ဆီမီး(၉၀၀၀)မီးဝင်္ကပါ လှည့်လည်ပူဇော်ကန်တော့ခြင်းကို အောက်တိုဘာ ၁၀ ရက်  ည ၇ နာရီခွဲက ရွေးစုကျေးရွာအုပ်စု၊ ရွေးစုကျေးရွာပရိယတ္တိစာသင်တိုက်တွင်  စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ထိုဆီမီး (၉၀၀၀) မီးဝင်္ကပါလှည့်လည်ပူဇော်ပွဲကို  သီတင်းကျွတ်လဆန်း(၁၄)ရက်မှ လပြည့်ကျော်(၁)ရက်နေ့ထိ ရွေးစုကျေးရွာ ပြည်သူများ၊ အနီးအနားကျေးရွာပြည်သူများပါဝင်၍ ညစဉ်လာရောက်လှည့်လည်ပူဇော်ကန်တော့သူ ဦးရေ(၁၀၀၀)ကျော်ရှိကြောင်း ၁၆ ပြည်ထောင်ဆီမီး (၉၀၀၀) မီးဝင်္ကပါလှည့်လည်ပူဇော်ရေးကော်မတီထံမှ သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)