မုံရွာမြို့တွင် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေး အသိပညာပေးဆောင်ရွက်

မုံရွာ အောက်တိုဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ်-၁၉ရောဂါ မကူးစက်မပြန့်ပွားစေရေးအတွက် အရှိန်အဟုန်မပြတ် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေး အသိပညာပေးခြင်းများကို စဉ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲမှ ၉ နာရီခွဲအထိ မုံရွာမြို့ရှိ ပြည်သူအများဆုံးသွားလာသော မုံရွာမြို့ အောင်ချမ်းသာရပ်ကွက် ပြည်ထောင်စုလမ်း ကန်သာယာဈေးအနီးတွင် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (Mask Campaign) ဆောင်ရွက်မှုတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဦးအောင်ဆန်းဝင်း ဦးဆောင်မှုနှင့်အတူ ဌာနဆိုင်ရာများ၊ NGO အဖွဲ့များ ပူးပေါင်ပါဝင်သော အင်အား ၃၀ ဦးက ပြည်သူများအား နေအိမ်ပြင်ပထွက်ခွာပါက မဖြစ်မနေ Mask များ စနစ်တကျတပ်ဆင်သွားလာကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေး ပြောကြားကြပြီး Mask များ မတပ်ဆင်ဘဲ သွားလာနေကြသော ပြည်သူ(၅၅၀)ဦးအား Mask (၅၅၀)ခုကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး Mask နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)