မဟာအောင်မြေမြို့နယ်၊ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မဟာအောင်မြေ အောက်တိုဘာ  ၁၁

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက ကျင်းပဆောင်ရွက်ပေးခဲ့သည်။

ထိုသို့  ဆောင်ရွက် ပေးရာတွင်  မန္တလေးခရိုင်၊မဟာအောင်မြေမြို့နယ်၊ ပြန်ကြား ရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးဘိုဘိုဟန်က ကျောင်းသား/သူများအချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်များ၊ အသိပညာဗဟုသုတများ တိုးပွားစေရေး ၊ဉာဏ်ရည်ဉာဏ်သွေးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြိုင်ပွဲများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီးကျောင်းသား/သူများကို ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး (ပထမ၊ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု)ဆုရ ကျောင်းသား/သူများအား ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း