ဂန့်ဂေါမြို့တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ဂန့်ဂေါ အောက်တိုဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့ပေါ်(၄) ရပ်ကွက်ရှိ ဘိုးဘွားများ၏ အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေး ပင်စင်တစ်လလျှင် (၁၀၀၀၀/-) ကျပ်နှုန်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒုတိယသုံးလပတ် (ဇူလိုင်+ဩဂုတ်+စက်တင်ဘာ) လများအတွက် ထောက်ပံ့ငွေ (၃၀၀၀၀/-) ကျပ်ကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်လဲ့ရည်လှိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကြီးတန်းစာရေး ဒေါ်သဲသဲဦး၊ မြောက်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်ဦးနှင့်အတူ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်ရှိ သက်ကြီးဘိုးဘွား(၁၂)ဦးအား ထောက်ပံ့ငွေကျပ် (၃၆၀၀၀၀/-) ကိုလည်းကောင်း၊ ကျောတိုက်ရပ်ကွက်ရှိ ဘိုးဘွား(၇)ဦး၊ စည်ပင်သာယာရပ်ကွက်ရှိ ဘိုးဘွား(၂၁) ဦးနှင့် မြို့မရပ်ကွက်ရှိ ဘိုးဘွား(၁၆)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၃၂၀၀၀၀/-)ကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်တွင် အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၁၀) ဦးရှိပြီး မြို့ပေါ်(၄) ရပ်ကွက်တွင် သက်ကြီးဘိုးဘွား(၅၆)ဦး၊ ကျေးရွာပေါင်း(၁၇)ရွာတွင် သက်ကြီးဘိုးဘွား (၁၅၄) ဦး ရှိကာ အဆိုပါ သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဘိုးဘွားများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

မောင်မျိုးမင်း(ယော)