(၆၂)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန်တော် အောင်ပွဲအခမ်းအနားကျင်းပ
Nov 01,2022
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့ ကထိန်တော်ဖြစ် မြောက်ရေးကော်မတီနှင့် မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ (၆၂)ကြိမ်မြောက် မြို့လုံးကျွတ်မဟာဘုံကထိန်တော် အောင်ပွဲအခမ်းအနားကို အောက်တိုဘာ ၃၁ ရက်မွန်းတည့် ၁၂ နာရီက ရေဦးမြို့ ပါဠိဝိဇ္ဇာသာသနာ့ရိပ်သာကျောင်းတိုက် မဟာသတိပဌာန်သာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဦးကုမာရ အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော် မူခဲ့ကြသည်။