နမ္မတူမြို့နယ်၌ ကြားဖြတ်တိရိစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်း သင်တန်းဖွင့်
Oct 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း နှစ်အလိုက် တိရစ္ဆာန်ကောင်ရေ တိုးပွား/လျော့နည်း ခန့်မှန်းနိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစီမံချက်များ ဆောင်ရွက်နိုင်ရန်၊ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများထုတ်လုပ်မှု အတည်ပြုနိုင်ရန်၊ တိရစ္ဆာန်ကျန်းမာရေးနှင့် အာဟာရဆိုင်ရာစီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်နိုင်ရန်၊ တိရစ္ဆာန်ကောင်ရေတိုးပွားမှုစံနှုန်းများ ပြင်ဆင်တွက်ချက်ရန်၊ မြန်မာနိုင်ငံရှိ တိရစ္ဆာန်ကောင်ရေစုစုပေါင်းကို အနီးစပ်ဆုံးအတည်ပြုနိုင်ရန် ရည်ရွယ်၍ ကြားဖြတ်တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်းသင်တန်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ယနေ့နံနက်(၁၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။